Photobucket

အင်ဒိုနီးရှား နိုင်ငံ မီဒန်းမြို့ တွင် တင်လှူမည့်စိန်ဖူးတော်ပင့်ဆောင်ပူဇော်ပွဲ

ဒီဇင်ဘာ။  ။ မိုးကုတ်မြို့သို့ အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ ၌တည်ထားကိုးကွယ်မည့်ရွှေတိဂုံစေတီတော်ပုံစံတူ  စေတီတော်၌တင်လှူမည့် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် ရွှေခေါင်းလောင်းတော် ပင့်ဆောင်ပူဇော်ကျင်းပခဲ့ပါသည်။စိန်ဖူးတော်အလှူ့ဒါယိကာ အလှူ့ ဒါယိကာမ များဖြစ်ကြသောစင်ကာပူနိုင်ငံနေ Dr.သန်းနိုင်ဦး ဇနီး Dr.ပပ၀င်းစိုး (သား)ထွဋ်ခေါင်ဦး(သမီး)ရှင်မင်းသူ မိသားစုမှ ဒီဇင်ဘာ(၂)မှ(၄)အတွင်း သုံးညတိုင်တိုင်နိုင်ငံတော် ဓမ္မကထိက အကျော်အမော်များဖြစ်ကြသော ဆရာတော် ဥူးသုမင်္ဂလ၊ဆရာတော်ဥူးဝိစိတ္တသာရ(သာနုဓဇ ဓမ္မစိရိယ ဒွိပိဋကဓရ)၊ဆရာတော် အရှင်ကုမုဒ (သာသနတက္ကသီလမဟာဓမ္မစိရိယ) တို့အား ပင့်ဖိတ်ပြီးမိုးကုတ်မြို့ မင်းဘုရားတောင်ချမ်းသာကြီးဓမ္မဗိမာန်တော်အတွင်း တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးခဲ့ပါသည်။

(အကြောင်းကြောင်း ကြောင့် သတင်းနောက်ကျနေရခြင်းအတွက် အထူးတောင်းပန်အပ်ပါသည်။) RubyLand Group..

မြတ်စေတနာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း

မန်းလေးတိုင်း မိုးကုတ်မြို့ နယ် 23.8.2009နေ့တွင် မြတ်စေတနာ လူမှုကူညီမှုအသင်းမှ ထပ်မံရ်ျ မြတ်စေတနာ ကျန်းမာရေး  စောင့်ရှောက်မှုအသင်းကြီးကို မြို့ မိမြို့ဖ လူကြီးမင်းများက စတင်ဖွဲ့စည်းလိုက်သည်။မိုးကုတ်မြို့ နယ် ကုတင်(၁၀၀) ဆံ့ ဆေးရုံကြီးတွင်
တက်ရောက်ကုသနေသော(လူမျိုး/ဘာသာမရွေး) ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှု ၊ လိုအပ်သည့် ဝေဒနာရှင်များအား ရောဂါဘယ ကင်းဝေးစွာဖြင့် လူ့ဘ၀ သက်တမ်းစေ့ နေထိုင်နေနိုင်စေရန်အတွက်လိုအပ်သည့် ဆေးများ အခမဲ့ ကူညီပံ့ပိုးပေးနိုင်ရန် မိုးကုတ်မြို့ နယ် အတွင်းရှိ ရပ်ကွက်များကိုအခြေခံပြီး ဖွဲ့စည်းထားသော မြတ်စေတနာ ကျန်းမာရေးစောင့်ရှောက်မှု
အသင်းကြီးမှ ဦးစီးပြီး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
ရခဲလှသော လူ့ဘ၀ လူ့အသက်ကို ကယ်တင်နိုင်ရန် မိမိတို့ တတ်စွမ်းသမျှ အလှူဒါန၊ ဇီဝိတဒါန၊ အာယုဒါန ကုသိုလ်တို့ဖြင့် သံသရာ အကျိုးအတွက် အကျိုးရှိရှိအသုံးချနိုင်ရန် ရည်သန်ပြီးစေတနာရှင်
ကုသိုလ်ရှင်များ အား သဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
အလှူငွေများကို လစဉ်(သို့မဟုတ်) ထာဝရ ငွေပဒေသာပင် စိုက်ထူလှူဒါန်း နိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွင်းအတွင်း ရှိအကျိုးဆောင်များထံတွင် လည်းကောင်း အဝေးရောက်မိုးကုတ်သူ/သား
များအတွက် မြတ်စေတနာရုံးခန်း/ ရုံးဖုန်းများဖြင့်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း Ruby Land Gruop အဖွဲ့မှ နှိုးဆောက်တိုက်တွန်းလိုက်ရပါသည်။

ဆက်သွယ်ရန်လိပ်စာ

မြတ်စေတနာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း

ဈေးဟောင်းရပ်၊ မိုးကုတ်မြို့ ။

ဖုန်း-086-20626
ဖုန်း-086-20312
ဖုန်း-09-6970268

သီတဂူ ပျိုးဥယျာဉ် သို့ တစ်ခေါက်

ဧပရယ်လရဲ့ အပူဒဏ်အောက်မှာ ကျွန်တော်နဲ့ အချစ်မဲ့ဂီတာ တို့ချွေးတီချွေးပေါက်များနဲ့ နွေရာသီ မိုးကုတ်ရှုခင်းကို ဓါတ်ပုံလိုက်ရိုက်ရင်း မိုးကုတ်မြို့ ကိုအပေါ်စီးက မြင်နိုင်မဲ့ သီတဂူတောင်ထိပ်ကို ရောက်ရှိခဲ့တယ်…အေးမြတဲ့လေနဲ့အတူ လွင့်ပါတဲ့ အသံတစ်ခုကြောင့်
နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်အကဲ ခပ်မိသွားတယ်…ဘာသံပါလိမ့်ဆိုပြီး အာရုံကိုသေချာစိုက်လိုက်ချိန်တွင်
“အော်” ဗုဒ္ဓတရားသံနဲ့ ဗုဒ္ဓစာပေ ကဗျာကို ကလေးတွေရွတ်ဖတ်နေကြတဲ့အသံ ဤအသံကိုကြားရမိသဖြင့် အပူဒဏ်အောက်မှာ   မောနေတဲ့ ကျွန်တော်တို့နှစ်ယောက်ကို အေးမြသွားစေတယ်……..
ဒါနဲ့ အသံလာရာသို့ ကျွန်တော်တို့ နှစ်ယောက်ရောက်သွားချိန်မှာ ဥူးပဇ္ဇင်း တစ်ပါးက ကလေး သူငယ် (၄၀)ယောက်ကို ဗုဒ္ဓစာပေသင်တန်းပို့ချနေတာကို တွေ့ရတယ်…အငြိမ်မနေနဲ့ ကျွန်တော့လက်က ကင်မရာနဲ့ တဖျပ်ဖျပ်ရိုက်ရင်း စိတ်ထဲက မေးခွန်းအနည်း
လောက်မေးချင်တာနဲ့ သင်တန်းဆင်းချိန်ကိုစောင့်နေမိခဲ့တယ်…စောင့်နေရင် ဥူးပဇ္ဇင်း တစ်ပါးက ကျွန်တော်တို့အဖြစ်ကိုကြည့်ရင်း
“ဟဲ့ ဒါကာ တို့ ဘယ်ကဘယ်လိုရောက်လာတာလဲ ” ကျွန်တော်တို့ကဓါတ်ပုံလိုက်ရိုက်နေတာပါဘုရား …ဒါနဲ့ ဒါကာတို့ကြည့်ရတာ တော်တော်မောပြီးဗိုက်ဆာနေတယ်ထင်တယ်.. .ကဲလာလာ ဆိုပြီး ဘုန်းကြီးကျောင်းက ဥပဇ္ဇင်းများ ဘုန်ပေးပြီး ကျန်တဲ့ ထမင်းနဲ့
ဟင်းကို ချကျွေးတော့ အချစ်မဲ့ဂီတာက ဘုန်းကြီးကျောင်း ဟင်းပေါင်းမစားရတာကြာပြီဆိုပြီး အပြီလွေးပါလေရော..စားသောက်ပြီး
(၄)နာရီထိုးတော့ သင်တန်းပို့ချလျက်ရှိသော ဆရာတော်အားမည်သည့်သင်တန်းပို့ချလျက်ရှိသည်ကို မေးမြန်လျှောက်ထားရန်အတွက်
သူ စာသင်ကြားပို့ချလျက်ရှိသော ကျောင်းဆောင်ဘက်သို့ ထွက်လာခဲ့ကြသည်။ဆရာတော်က ဒီတောင်ထိပ်ဟာ”စစ်ကိုင်တောင်ရိုး
ဒေါက်တာ အရှင်ဥာဏိဿရ (သီတဂူ) ဆရာတော်၏ ကျောင်းခွဲတစ်ခုဖြစ်ကြောင်း၊ ဥပဇ္ဇင်း ဘွဲ့နာမည်က သီတဂူ အရှင်စန္ဒိမာ(သီတဂူ
ဓမ္မကထိက)ဖြစ်ကြောင်း….မိုးကုတ်မြို့ တောင်ကချင်ရပ် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက်အတွင်း မည်သည့်သင်တန်းများမည်သည့် ရည်ရွယ်ချက်များဖြင့်ပို့ချလျက်ရှိသည်ကို သိလိုသဖြင့် ဆရာတော်အား မေးမြန်းလျှောက်ထားခဲ့ပါသည်။
ကျွန်တော်တို့အဖွဲ့မှ ဆရာတော်အား မေးမြန်းရာတွင် “ဆရာတော်က ဒီသင်တန်းကို (၂၄.၄.၀၉ မှ ၂၃.၅.၀၉) ထိ တစ်လဘဲဖွင့်မယ် သင်တန်းအချိန်ကို နှစ်ပိုင်းခွဲထားတယ် နံနက်ပိုင်း(၇)နာရီ မှ ၁၀ နာရီ ထိ ကို အင်္ဂလိပ်စာ သင်တန်းပို့ချတယ်၊ နေ့လည် (၁၂)နာရီကနေ ညနေ ၄နာရီထိကို ဗုဒ္ဓစာပေ ကိုပို့ချ
ပေးတယ်”

Q! အရှင်ဘုရား ဒီသင်တန်းကို ဘယ်အရွယ်ကနေ စပြီး တက်ရောက်နိုင်ပါလဲ ဘုရား ?

A!(၅)တန်း အဆင့်ရှိတဲ့ အရွယ်ကနေ စပြီးတက်ရောက်နိုင်တယ် လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တယ် ။

Q ! နံနက်ပိုင်းအင်္ဂလိပ်စာသင်တန်းကို ကျောင်းသားဦးရေ ဘယ်လောက်ထိ တက်ရောက် သင်ကြားပါလဲ အရှင်ဘုရား ?

A ! ကျောင်းသားဦးရေက (၄၀) လောက်ရှိတယ် (၉)တန်း (၁၀) တန်းအရွယ် ကျောင်းသူ/ကျောင်းသားတွေ လဲပါတယ်..ဥပဇ္ဇင်း က ယနေ့ခေတ်လူငယ်တွေကို ကမ္ဘာနဲ့ ယဉ်ဘောင်တန်းနိုင်အောင်လို့ ရည်ရွယ်ပြီး သင်ကြားပို့ချပေးနေတာပါ။

Q! နောင်လာမဲ့နှစ်တွေမှာကော ဒီသင်တန်းကိုဆက်လင်ဖွင့်လှစ် ဦးမှာလား အရှင်ဘုရား ?

A!နှောင်လာမဲ့ နှစ်တွေမှာ လဲဖွင့်မယ် သာသနာတော်အဓွန့်ရှည် ရေးအတွက် ဒီသင်တန်းကို ဆက်လက်ဖွင့်မည်ဟု မိန်းကြားပါသည်။

Q! အရှင်ဘုရား ဒီသင်တန်းအဓွန့်ရှည်ရန်အတွက် ဓမ္မဒါန အလှူရှင်တွေ ကောရှိပါသလားဘုရား ?

A! အင်း …ရှိပါတယ် ။ကဲ ဒါကာလေးတို့လဲ ရောက်တုန်း ကျောင်းတိုက်အတွင်း နဲ့ မိုးကုတ်ရှုခင်းတွေကို လေ့လာလိုက်ဦး ဥပဇ္ဇင်းလဲနားလိုက်ဦးမယ် ……

ဆရာတော်အားဦးတင်ပြီး ကျောင်းဆောင်လေးထဲမှ အထွက်တွင် လူတစ်စု ပေါက်ပြားပေါက်သူကပေါက်ဘိလပ်မြေနှင့်ထုံး နှယ်သူကနှယ်မုံသယ်သူကသယ်နှင့် အလုပ်လုပ်နေကြသည်ကို ကြည့်ရင်းကျွန်တော့်အကျင့်အတိုင်း မေးခွန်းအနည်းငယ်မေးမိလိုက်သည် ….အစ်ကိုတို့အဖွဲ့က သီတဂူတောင်ထိပ်မှာ ဘာလုပ်နေကြတာလဲအစ်ကို ဆိုတော့”လူလတ်ပိုင်းတစ်ယောက်က ကျွန်တော်တို့အဖွဲ့က အပတ်စဉ် စနေ ၊ တနင်္ဂနွေဆို ဒီ သီတဂူတောင်ထိပ်မှာ သန့်ရှင်းရေး၊လမ်း…ကျောင်းတိုက်အတွက် လိုအပ်သည့် ဝေယျာဝစ္စကိစ္စတွေကို
ဓမ္မလုပ်အားပေးနေတဲ့အဖွဲ့ပါ…ညီလေး “ကျွန်တော်က ဆက်ပြီး ဒီဘိလပ်မြေတွေထုံးတွေက ကျောင်းတိုက်ကထုတ်ပေးတာလား
ဆိုတော့  အာ မဟုတ်ဘူးညီလေး ကိုတို့ အဖွဲ့က မြို့ ထဲကနေ ကို့ဟာကိုဝယ်ခဲ့တယ် ဓမ္မဒါန ပေါ့ ညီလေးရာ …ဆိုပြီး ကျွန်တော်တို့လဲ နှုတ်ဆက်ပြီးထွက်ခွာခဲ့တယ်…………….
သီတဂူ ဓမ္မ၀ိဟာရ တောင်ထိပ်တွင် သာသနာတော် အဓွန့်ရှည်ရန်အတွက်ဗုဒ္ဓသင်တန်းများ သာသနာတော်အကျိုးဆောင်ရွက်နေသော ပုဂ္ဂိုလ်များအား ကျွန်တော်တို့ RubyLand Gruop မှ သာဓု ခေါ်ပါသည်။
မိုးကုတ်မြို့ တောင်ကချင်ရပ် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက်အတွင်း ဗုဒ္ဓစာပေ သင်တန်းများ ရေရှည် ဖြစ်ပေါ်လာစေရန်အတွက် ရပ်ဝေး ရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စင်များအား ဓမ္မဒါန ကုသိုလ် ပါဝင်ယူနိုင်ရန်အတွက် ကျွန်တော်တို့ RubyLand Gruop မှ
အသိပေးအကြောင်းကြားလိုက်ရပါသည်။

ဆက်သွယ်ရန်လိပ်စာ
သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက်
တောင်ကချင်ရပ် မိုးကုတ်မြို့ ။
ဖုန်း  086-20580
mail - Candima07@gmail.com

ပါရမီ နာမှုကူညီမှုအသင်း

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့  နယ် အနောက်ပိုင်းရပ် ၌ နေထိုင်ကြသော မိဘပြည်သူများ၏ စုပေါင်းအင်အားဖြင့်
(၂၀.၁၀.၂၀၀၅) နေ့၌ လူမှုကူညီမှုအသင်းကို စတင်ဖွဲ့စည်းခဲ့ပါသည်။လူမှုကူညီမှု အသင်း၏ အဓိက လိုအပ်သော နိဗ္ဗာန်ယာဉ်ကို (၂၇.၁၂.၂၀၀၅)တွင် ၀ယ်ယူပြီး ပါရမီ နာရေးကူညီမှုအသင်း ဟု အမည်တွင်ခဲ့ပါသည်။အနောက်ပိုင်း တိုက်နယ်ဆေးရုံ မှ ကျန်းမာရေး ဝေဒနာရှင်များအား မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ရန် အရေးပေါ်ယာဉ် အခက်အခဲ ကြုံလာသဖြင့် (၁၄.၁၂.၀၆) တွင် အရေးပေါ်လူနာတင်ယာဉ် တစ်စီးထပ်မံ၍ (၇.၁၀.၀၈) တွင်လူနာတစ်ယာဉ်တစ်စီးအား ၀ယ်ယူခဲ့ပါသည်။

မိုးကုတ်ြမို့ အနောက်ပိုင်းတွင် ကျန်းမာရေး ချို့ တဲ့ဝေဒနာရှင်များ များပြားလာပြီး ဆေးမကုသ နိုင်သော ကျန်းမာရေး ချို့  တဲ့နွမ်းပါးဝေဒနာရှင်များ၏ အသက်ကို ကယ်တင်နိုင်ရန် အတွက် ပါရမီ ကျန်းမာရေး စောင့်ရှောက်မှု ဖောင်ဒေးရှင်း ကို (၂၁.၆.၂၀၀၈) တွင် အသင်းဝင်(၁၀၀)ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ယခုအခါတွင် ပါရမီ နာမှု ကူညီရေးအသင်း လုပ်ငန်းရေရှည်လည်ပတ်နိုင်ရန်အတွက် သီးခြားအလှူရှင်များမှ လှူဒါန်းသောငွေဖြင့် လည်ပတ်နေရပါသည်။အသင်းကြီးသည် သာသနာတော် အဓွန့်ရှည်ရန်အတွက် လည်း ဆရာတော်ကြီးများကို ပင့်ဖိတ်ပြီး တရားပွဲများကို စီစဉ်ကျင်းပ ပေးလျက်ရှိပါသည်။
ပါရမီ အသင်းသားတိုင်းသည် တစ်လလျှင် အလှူငွေ ၁၀၀၀ ကျပ် နှင် ၁၀၀၀ကျပ် အထက် လှူဒါန်းခဲ့ရာမှ ယခုအခါ အသင်းဝင် ၃၆၂ ဦး
နှင့် လစဉ်ဝင်ငွေ (၅)သိန်း ၀န်းကျင်ခန့်ရှိနေပါသည်။လူသားချင်းစာနာ ထောက်ထားသောအားဖြင့် အလှူငွေများ လှူဒါန်းကြပါရန်နှင့် ဆေးပဒေသာပင် အလှူငွေများလည်း ထည့်ဝင် လှူဒါန်းကြပါရန် ကျွန်တော်များ Ruby Land Gruop ညီအစ်ကိုများက တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပါရမီ နာမှု ကူညီရေးအသင်းမှ ကဏ္ဍ (၃) ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

(၁)နိဗ္ဗာန်ယာဉ်ဖြင့် နာရေးကူညီဆောင်ရွက်ပေးခြင်း
(၂)အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း
(၃)ကျန်းမာရေးချို့ တဲ့ နွမ်းပါးဝေဒနာရှင်များ ဖြစ်သော လူမျိုး ဘာသာမရွေး လူသားတိုင်းအား အခမဲ့ ဆေးကုသပေးခြင်း စသည်တို့ကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအား လူသားချင်း စာနာထောက်ထားသောအားဖြင့် ကူညီပေးကြပါရန် အသိပေးနှိုးဆော်လိုက်ရပါသည်။

ပါရမီ နာမှုကူညီမှုအသင်း
နွေစံအိမ် ကဖေးအနီး၊ ပန်းမရပ်
အနောက်ပိုင်း၊ မိုးကုတ်မြို့ 
ဖုန်း။ ၀၈၆-၂၅၀၆၂

အထူးဝမ်းနည်းကြေကွဲခြင်း

ယနေ့ (၁၇.၄.၀၉) နံနက် (၄)နာရီတွင် ကျွန်တော်တို့ အဖွဲ့သား မောင်ပြည့်ဟိန်းမောင် (ခေါ်) အချစ်မဲ့ဂီတာ ၏ မိခင် ဒေါ်ကြည်ကြည်ဆွေ

အသက်(၅၄) နှစ်သည် ရုတ်တရက်ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်တူမိသားစုနှင့်ထပ်တူRuby Land Group မှ ၀မ်းနည်းကြေကွဲရပါသည်။

မောင်ပြည့်ဟိန်းမောင်၏ မိခင် ဒေါ်ကြည်ကြည်ဆွေ ကောင်းရာသုဂတိလားပါစေ ကြောင်း ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။